ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား(၃)ဦး အားဂုဏ်ပြုချီးမြှင့်ခြင်း။

 ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုချီးမြှင့် ခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံ ပညာမူလတန်း/ အလယ်တန်း/ အထက်တန်းတို့တွင် ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းသားသမီးများအား ထောက်ပံ့ ကြေးငွေပေးအပ်ခြင်းနှင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဘောလီဘောအားကစား သမား(၃)ဦးအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်)ကွပ်ကဲခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၅)ရက်၊ နေ့လည် (၁၅း၀၀)နာရီ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဦးဆောင်ညွှန်ကြားရေးမှူး(ခေတ္တပူးတွဲ)နှင့် ဌာနမှူးများ၊ အရာထမ်း၊ အမှုးထမ်းများ၊ ဖိတ်ကြားထားသော ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသား မိဘများနှင့် (၃၂)ကြိမ်မြောက်၊ အရှေ့တောင်အာရှ ဘောလီဘောအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား(၃)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ဦးဆောင်ညွှန်ကြားရေးမှူး(ခေတ္တပူးတွဲ)က အခမ်းအနား ပြုလုပ်ရခြင်းနှင့်ပတ်သက်၍  ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ဦးဆောင်ညွှန်ကြား ရေးမှူး(ခေတ္တပူးတွဲ)နှင့် ဌာနမှူးများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ထူးချွန်ကျောင်းသား/ သူများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း/အလယ်တန်း/အထက်တန်းတို့တွင် ပညာသင် ကြားနေသော ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ် ခြင်းနှင့်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဘောလီဘော အားကစားသမား(၃)ဦးအား ဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်ခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကို ညနေ (၁၆း၀၀)နာရီတွင် ကျင်းပပြုလုပ် ပြီးစီးခဲ့ပါသည်။